တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၁၇ နှစ်အရွယ် ၇ တန်းကျောင်းသားက တစ်ရွာတည်းနေ ၄ နှစ်အရွယ်မိန်းကလေးအား ကျောင်းအိမ်သာ၌ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်အရှေ့ကမ်းကျေးရွာ၌ နေထိုင်သောဒေါ်—— သည် ဇူလိုင်လ ၂၃ ရက်၊ ည ၇ နာရီခွဲခန့်က မြို့မရဲစခန်းသို့ရောက်ရှိလာပြီး ၎င်း၏သမီးအဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အရေးယူပေးပါရန် လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကိုမေးမြန်းရာ ဒေါ်—— သည် ဇူလိုင်လ ၂၃ ရက်၊ နံနက် ၉ နာရီခန့်တွင် ထမင်းချက်နေစဉ် ၄င်း၏ သမီးဖြစ်သူ မ—– ၊ ၄ နှစ်သည် အိမ်အပြင်၌ကစားနေကြောင်း သိရသည်။ထို့နောက်နံနက် ၁၀ နာရီခန့်၌ သမီးဖြစ်သူအားမတွေ့တော့သဖြင့် လိုက်လံရှာဖွေရာ ကျေးရွာရှိ မူလတန်းကျောင်းနောက်ဖေးအိမ်သာအတွင်းမှ သမီးမှာပြေးထွက်လာသည်ကိုတွေ့ရှိရာ အမူအရာကို မသင်္ကာသဖြင့် အိမ်သာကိုဖွင့်ကြည့်ရာမှ တစ်ရွာတည်းနေ မောင်ကြည်ယာလင်း၊ ၁၇ နှစ်က အဓမ္မပြုကျင့်ခဲ့သည်ကို စစ်မေးသိရှိခဲ့ကြောင်း တိုင်ကြားချက်အရသိရသည်။

“တရားလိုတို့အိမ်နဲ့ စာသင်ကျောင်းနဲ့ကနီးတယ်ထင်တယ်။ သမီးကိုအော်ခေါ်ရင်းလိုက်ရှာတဲ့အခါမှာ ကျောင်းအိမ်သာထဲကနေပြေးထွက်လာတဲ့အတွက် မသင်္ကာဖြစ်ပြီးစစ်ကြည့်တယ်။ အဲဒါပြီးတော့ အိမ်သာတံခါးကိုသွားဖွင့်ကြည့်တဲ့အခါမှာမောင်ကြည်ယာလင်းကိုမိသွားတယ်။ အဲဒီကောင်ကလည်း ၁၇ နှစ်အရွယ် ၇ တန်း၊ ကလေးမလေးက ကျောင်းမနေသေးဘူး။ ၄ နှစ်နဲ့ ၂၁ ရက်ပဲရှိသေးတယ်” ဟု တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။ထို့ကြောင့် မောင်ကြည်ယာလင်း(ခ)သံချောင်း၊ ၁၇ နှစ်ကို တနင်္သာရီမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ – ၃၇၆ ဖြင့်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

Credit-အကုန်သိ

LEAVE A REPLY

Please enter your comment!
Please enter your name here