ဟာသဗီဒီယိုလေးတွေတင်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆယ်လီတယောက်ဖြစ်လာတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာဆိုရင်တော့ ရုပ်ရှင်တွေ ကြော်ငြာတွေ ပွဲတက်တွေမှာ အမြဲလိုလို ပါနေရပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး တဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေ ရလာတဲ့ ဖြူဖြူထွေးကတော့ မကြာခင်မှာ ပြည်ပက နာမည်ကြီး ကုမ္ပဏီက သူ့ကို ကမ်းလှမ်းလာတာကြောင့် ပြည်ပမှာ ကြော်ငြာတွေ သွားရိုက်ဖို့ရှိနေတဲ့ အကြောင်းကို ပြောပြလာတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ ဆယ်လီကမ္ဘာနဲ့ အင်တာဗျူးမှာတော့ လတ်တလော ပြည်ပမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး “ကြော်ငြာတွေ ရိုက်ဖို့ ရှိပါတယ်။ ပြည်ပမှာ ရိုက်ဖြစ်မှာပါ။ OverSea တွေလည်း ပါပါတယ်။ ပီတိဖြစ်နေတယ်။ တခါမှမရိုက်ဖူးပါဘူး။ ဒါကတော့ ပထမဆုံးပေါ့။ တကယ့် နာမည်ကြီး ကုမ္ပဏီက ခေါ်ရိုက်တာဆိုတော့ ပီတိဖြစ်ရပါတယ်”

ခရီးထွက်ဖို့ ဘာတွေ ပြင်ဆင်ပြီးပြီလဲဆိုတဲ့ အပေါ်မှာတော့ “အဝတ်အစားတွေ ပြင်ဆင်တယ်။ ရှုတင်ရိုက်ဖို့ လိုအပ်တာတွေ ပြင်ဆင်တယ်။ ကျန်တာကတော့ သူတို့ အားလုံးသေချာလုပ်ပေးကြမှာ Passport တွေကအစ အရမ်းကျေနပ်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာလုပ်ချင်လဲဆိုတဲ့ အပေါ်မှာတော့ “ဈေးရောင်းတာတွေ ဝါသနာပါပါတယ်။ ပြီးရင် လက်ဖက်ရည်ဆိုင်ဖွင့်တာ ဝါသနာပါတယ်။ စားသောက်ဆိုင်တွေ ဖွင့်ချင်တာပေါ့။

ရုပ်ရှင်ကားကြီးတွေ လက်ခံထားတာရှိလားဆိုတဲ့ အပေါ်မှာတော့ “ရှိပါတယ်။ အများကြီးပဲရှိပါတယ်။ ဒါပေမယ့်လည်း ဒီဖက်မှာ ပွဲတက်ရတာတွေနဲ့ ကိုယ်က မအားတော့ တချို့ကားတွေကိုတော့ Cancel လုပ်ဖြစ်ပါတယ်။ Cancel လုပ်ရတဲ့ အကြောင်းကလည်း တချို့ကတော့ ၂ ခန်း ၃ ခန်း လောက်ပေါ့။ ပြီးတော့ အဲ့လိုအချိန်တွေ အများကြီးပေးပြီး သူတို့ပေးတဲ့ ဈေးနဲ့ကျတော့ အဆင်မပြေလို့ပေါ့။ အရံလောက်ပဲ ပေးတာဆိုတော့ ဒီဖက်မှာ ကြော်ငြာတွေ ရိုက်ရတာက ပိုပြီး အဆင်ပြေတယ်။ ကိုယ့်ဘာသာလေးပဲ ပုံမှန်ပေါ့။ တချို့ ပရိသတ်တွေကျတော့လည်း ရုပ်ရှင်မရိုက်ပေမယ့်လည်း ဖေ့ဘုတ်ပေါ်မှာ ဟာသဗီဒီယိုလေးတွေ တင်တာနဲ့ တင် ကျေနပ်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here