မိန်ကလေးတွေနဲ့ ပက်သက်ပြီး အမြဲတမ်း ကြားရလေ့ ရှိတာက သ၀န်တိုတယ်၊ မနာလို ဖြစ်တယ် ဆိုတာပါပဲ။ အခုလည်းပဲ ထိုင်းနိုင်ငံက ဇနီးသည်တစ်ဦးဟာ သူမရဲ့ ခင်ပွန်းသည်ရဲက ဒုက္ခရောက်နေသူ သူစိမ်းအမျိုးသမီး တစ်ဦးကို ချုံပုတ်ထဲက ပွေ့ချီလာတာကို မြင်ပြီးနောက် မနာလိုဖြစ်ပြီး ရိုက်နှက်ခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ ခင်ပွန်သည်ရဲဟာ မျက်နှာမှာ ပြင်းထန်စွာ အရိုက်ခံလိုက်ရတဲ့ ဒဏ်ရာကြောင့် ဆေးရုံတောင် တတ်ခဲ့ရပါတယ်။ ဇနီးသည်ဟာ ဒုက္ခရောက်နေသူ အမျိုးသမီးကို ဘေးနားက အခြားလူနှစ်ဦးက မသယ်ဘဲ သူမရဲ့ ခင်ပွန်းသည် ရဲက တင်ပါးကို ကိုင်ပြီး သယ်လာတာကို မြင်ခဲ့တာကြောင့် မနာလို ရန်ရှခဲ့ပါတယ်။

ထိုင်းနိုင်ငံသားတွေကြားမှာ တစ်ချို့က ရဲဟာ ဒုက္ခရောက်နေသူ အမျိုးသမီးကို အခွင့်ကောင်း ယူတယ်လို့ ပြောနေကြသလို တချို့ကလည်း ရဲမှာ မနာလို ရန်ရှာတတ်တဲ့ ဇနီးသည် တစ်ယောက်ရှိတာ အတော် ကံမကောင်းဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

ခင်ပွန်းသည်ရဲက ဒုက္ခရောက်နေသူအမျိုးသမီးကို ချုံထဲကနေ ပွေ့ချီလာတဲ့ ပုံဟာ ထိုင်းနိုင်ငံက လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ခင်ပွန်းသည်ရဲဟာ ဆေးရုံတတ်နေဆဲ ဖြစ်ပြီး ဆေးရုံကနေ ပြန်ပြီး ဆင်းလာတဲ့အခါမှာ သူ နဲ့ သူ့ဇနီးသည်ကြားမှာ ပြန်အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ သင်တို့ရော ဘယ်လိုမြင်လဲ၊ ပုံအရ ရဲက အမျိုးသမီးကို အခွင့်ကောင်းယူတာလား ဒါမှမဟုတ် ဇနီးသည်က သဝန်တိုတတ်လွန်တာလား..။

Ko Khant ( D Nae Thit )

LEAVE A REPLY

Please enter your comment!
Please enter your name here