ဥုံ- သိဒ္ဓိဘုရားထိပ်မှာထား

နားမှာ ဗြဟ္မာ ၊

လက်မှာ သိကြား ၊

ခါးမှာ ဘီလူး ၊

ဒူးမှာ ခြင်္သေ့ ၊

ခြေမှာ နဂါး ၊

ကိုယ်မှာ ဂဠုန်၊

အစောင့်ထားပါ၏ ။

ဥုံ – ကောက္ကုသံ ၊

ဥုံ – ကောဏဂုံ ၊

ဥုံ- ကဿ ဖ

ဥုံ – ဂေါတမ ၊

ဥုံ – အရိမေတ္တယျ ၊

ဥုံ – ဒီပင်္ကရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏ ။

ဓာတ်တော်ဝင်

မဟာဝင် ၊

ဧရာဝင် ၊

မဟာဝိနယော ၊

ဗောဓိရှစ်တန် ၊

ညဏ်တော်( ၁၈ ) ပါး ၊

ဥုံ – ဘုရား ၊

ဥုံ – တရား ၊

ဥုံ – သံဃာတော်နှင့်

ရွှေအဆင်းအလား

ဦးခေါင်းတော်က မြင်းမိုရ်တောင် ၊

မျက်လုံးတော်က ပုလဲရောင် ၊

သွားတော်က ဝရဇိန် ၊

လည်တော်က သံချောင်း ၊

မဏိဗောဓိ ရွှေညောင်ပင်က ပွင့်တော် မူပါ၍

လေးသင်္ချေ ကမ္ဘာတစ်သိန်း ၊

ရှစ်သင်္ချေ ကမ္ဘာတစ်သိန်း ၊

တစ်ဆယ့်ခြောက်သင်္ချေ ကမ္ဘာ တစ်သိန်း ၊

ပါရမီဖြည့်လာသော ဘဘုရား ၊

သားတော် ၊ သမီးတော် တို့ကို

ဆင်းရဲဒုက္ခ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင်

ချမ်းသာသုခဘဝရောက်အောင်

ပို့ဆောင်နိုင်သော အရှင်ဘုရား ၊ ၊

ချမ်းသာအောင် စောင့်ရှောက်တော်မူပါအရှင်ဘုရား။

(မှတ်ချက်)

သာမညဆရာတော် ဘုရားကြီး

အထူးပေးသော ဂါထာတော်ကို…….

( ၁ ) အမှုအခင်းရှိက ( ၉ ) ခေါက် ရွတ်

( ၂ ) ပစ္စည်းပျောက်လျှင် ( ၃ ) ခေါက် ရွတ်

( ၃ ) နေထိုင်မကောင်းလျှင် ( ၇ ) ခေါက် ရွတ်

( ၄ ) ချမ်းသာချင်လျှင် ( ၁၂ ) ခေါက် ရွတ်

( ၅ ) စစ်တိုက်သွားလျှင် ( ၅ ) ခေါက်ရွတ်

ကိုယ့်အာရုံပြုချင်သည် ဘုရားအား အာရုံပြု၍ရွတ်ဖက်သရဇ္ဇျယ် ပွားများပါ။)

Credit…Zayar Myat Khine

LEAVE A REPLY

Please enter your comment!
Please enter your name here