စာဖ တ်ပရိသတ်များခင်ဗျာ… ဘယ်လိုအခြေအနေပဲဖြစ်ပါစေ တခြားနိုင်ငံမှာအလုပ်လုပ်ပြီး စီးပွားရေးရှာရတာဟာ စွန့်စားမှုများပြီး အခက်အခဲများပြားလွန်းပါတယ်…မိသားစုအခက်အခဲကြောင့်ဖြစ်စေ… ဝါသနာအရဖြစ်စေ… ကိုယ့်နိုင်ငံကို စွန့်ခွဲပြီး တခြားနိုင်ငံမှာ အလုပ်လုပ်ရချိန်. ကိုယ့်နိုင်ငံမှာလို မလုံခြုံတာတော့ အမှန်ပါ…

တရားဥပဒေစိုးမိုးတဲ့နိုင်ငံများမှာတောင် မလုံခြုံမှုတွေဖြစ်နေတာဖြစ်လို့.. မလေးရှားလိုမျိုးနိုင်ငံမှာဆို ပြောစရာတောင် လိုမယ်မထင်ပါဘူး…ယခုရုပ်သံထဲမှာလည်း… မလေးရှားနိုင်ငံမှာ စီးပွားရေးအတွက် စားသောက်ဆိုင်ဖွင့်ထားတဲ့ တရုတ်ဆိုင်လေးမှာ… အဖွဲ့လိုက် ရန်ဖြစ်နေဖြစ်ပါတယ်…ဘယ်သူ့အမှားဆိုတာမသိရပေမယ့်.. လူနည်းတဲ့ဘက်ကတော့ အထိအခိုက်များမှာ သေချာပါတယ်….

မလေးရောက် ချစ်မြန်မာတို့အနေနဲ့လည်း အပြင်သွားတဲ့အခါ တစ်ယောက်တည်း မသွားမိပါစေနဲ့…အနည်းဆုံး သုံးယောက်ဖြစ်စေ.. လေးယောက်ဖြစ်စေ.. အစုဖွဲ့ပြီးသွာဖို့အကြံပြုပါတယ်နော်…ကိုယ့်ဘက်က မမှားပေမယ့်… ကိုယ့်ဆီက လုယူမယ့်သူတွေနဲ့ မူးရမ်းပြီး ရန်ရှာတတ်တဲ့ လူတစ်စုကြောင့် သတိထားကြဖို့ ရေးသားလိုက်ပါတယ်နော်..။

Source – Pyimyanmar

LEAVE A REPLY

Please enter your comment!
Please enter your name here