နှုတ်ခမ်းနီမလေးများရဲ့အတော်လေး ၀န်းရံမှုကို ရရှိထားတဲ့ ပိုင်တံခွန်က စူပါမော်ဒယ်လ်တစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်လာခဲ့ပါတယ်။ ခန့်ငြားတဲ့ရုပ်သွင်နဲ့ မြင့်မားပြီး ဖြောင့်စင်းတဲ့ အရပ်အမောင်းပုံသဏ္ဍာန်ကြောင့် လူချောတစ်ဦးအဖြစ် အတော်လေးကြွေကြပြီး စကားလည်း ကြွယ်လွန်းပြန်တဲ့ သူ့ကို ပိုပိုပြီးအချစ်ပိုကြရပါတယ်။ အခုအချိန်မှာတော့ ပိုင်တံခွန်က ထိုင်းနိုင်ငံအထိတောင် ကျော်ကြားတဲ့ မော်ဒယ်လ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

Photo : Paing Takhon

လက်ရှိမှာတော့ ပိုင်တံခွန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို Fan meeting အတွက် ရောက်ရှိနေခဲ့ပြီး ထိုင်းသူလေးများက အုတ်အုတ်ကျွတ် လာရောက်အားပေးပါတယ်။ ပိုင်တံခွန်က ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ Fan meeting လုပ်ဖြစ်နေတဲ့အပြင် ထိုင်းကြေငြာလေးများကိုပါ လက်ခံရိုက်ကူးပေးနေတာကြောင့် ထိုင်းမှာကြာနေခဲ့ပါတယ်။

Photo : Paing Takhon

ပိုင်တံခွန်က ပြည်ပနိုင်ငံများအထိပါ အောင်မြင်လာတာကြောင့် သူ့ရဲ့လှုပ်ရှားလေးမှုများကို စောင့်ကြည့်နေကြတဲ့ ပရိသတ်ပေါင်းများစွာ ရှိလာခဲ့ပါတယ်။ နှုတ်ခမ်းနီမလေးများ ရင်ခုန်သွားရတာကတော့ ရေချိုးနေတဲ့ ပိုင်တံခွန်ရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ ဆံပင်လေးများကို စုချည်ထားပြီး တက်တူးထိုးထားတဲ့ အပေါ်ယံအ၀တ်ဗလာပုံလေးကို မြင်တွေ့ရတာကြောင့် မိန်းမချောလေးများ ရှက်သွေးဖြာနေခဲ့ကြပါတယ်။

Photo : Paing Takhon

ပိုင်တံခွန်ရဲ့ အကြောင်းကို ဇူလိုင် (၃) ရက်နေ့က ထိုင်း Channel တစ်ခုမှာ ဖော်ပြခြင်းခံခဲ့ရပြီးနောက် ထိုင်းပရိသတ်များကြား အတော်လေး ရေပန်းစားနေခဲ့တဲ့ မြန်မာမော်ဒယ်လ်တစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံရဲ့ကြေငြာများကို ရိုက်ကူးလာရပြီဖြစ်ပါတယ်။

Photo : Paing Takhon

Source : Paing Takhon Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here