တိုင်းရင်းသူမလေးဖြစ်တဲ့ နန်းခင်ဇေယျာဟာဆိုရင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသတွေရဲ့ အသည်းစွဲ မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်…။ သူမဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ အပြုအမူ၊ အပြောအဆိုတွေကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ရရှိလာတာဖြစ်ပါတယ်..။ သူမဟာဆိုရင် အင်္ဂလိပ်၊ ဂျာမန်နှစ်ဘာသာဖြင့်လည်း ဧည့်လမ်းညွှန်လုပ်ဆောင်ခဲ့ပြီး ပညာရေးမှာကော၊ အနုပညာလောကမှာပါ ထူးချွန်ထက်မြက်သူဖြစ်ပါတယ်…။

နန်းခင်ဇေယျာဟာ “Miss Myanmar 2012” ရဲ့ ဆုရှင်တစ်ဦးဖြစ်ပြီး အခုအချိန်မှာ photo shooting ၊ မဂ္ဂဇင်း၊ ကြော်ငြာတွေအတွက်ရိုက်ကူးပေးခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်…။ နန်းခင်ဇေယျာဟာ ခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ ခရီးသွားမှတ်တမ်းပုံရိပ်တွေကိုတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်…။ နန်းခင်ဇေယျာရဲ့ ရေကူးကန်ထက်က ရေကူးဝတ်စုံနဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း တစ်ကယ့်ကိုစွဲမက်စေတာဖြစ်ပါတယ်…။

နန်းခင်ဇေယျာက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။ အခုတစ်ခါမှာဆိုရင်လည်း “မီးမီးရဲရဲနီလေးနဲ့ အားလုံးကို နှုတ်ဆက်ပါတယ်ရှင်..” ဆိုတဲ့ status လေးနဲ့အတူ ဆွဲဆောင်မှုအလှပုံရိပ်လေးတွေကို တင်ဆက်ပြသထားပြီး ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်…။Myanmarload

LEAVE A REPLY

Please enter your comment!
Please enter your name here