မော်လမြိုင်တွင် မိုးကြီးပြီး တစ်မြို့လုံးနီးပါးရေမြုပ်နေသောကြောင့် အရေးပေါ်ကယ်ဆယ်နေရ

မော်လမြိုင်တွင် မိုးကြီးပြီး တစ်မြို့လုံးနီးပါးရေမြုပ်နေသောကြောင့် အရေးပေါ်ကယ်ဆယ်နေရ

မော်လမြိုင် အခြေအနေတော်တော်ဆိုးနေ (9.8.2019)

လက်ရှိ သီရိမြိုင် အထက ၁၁ မှာ ယာယီကယ်ဆယ်ရေးစခန်းဖွင့်ထားလူဦးရေ ၃၀၀ နီးပါးထိရှိနေပြီး။ မိုးက မတိတ်သေးပါ။ ရေထဲ ပိတ်မိနေသူများအား အရေးပေါ်ကယ်ဆယ်နေရဆဲပါ … ဇေယျာမြိုင် သီရိမြိုင် ခုချိန်ထိ အခြေအနေဆိုးတုန်း … မနှစ်ကထက် ဆိုးပါတယ်။

ပိတ်မိနေတဲ့သူတွေကိုရော အရေးပေါ်လူနာတွေကိုရေ ရေထဲမှ သယ်ထုတ်ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေရ။ မြွေကိုက် ကလေးမွေး အရေးပေါ် အခြေအနေတွေများ။

ခုလက်ရှိ ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ ထ ၁၁ ရှေ့ သီရိမြိုင်ဓမ္မာရုံကနေ မိုးခဏခိုပြီး တင်ပေးနေတာပါ။ ရေအနည်းဆုံး နေရာပါ။ အထဲဘက်မှာတော့ ကယ်ထုတ်နေရတုန်း။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအားလုံး ရေထဲမှာပါ။

မော်လမြိုင်အပြင် မုဒုံ သံဖြူဇရပ် ကျိုက်မရော မုတ္တမ မြို့တွေ အားလုံး လည်း ရေမြုပ်နေပါပြီး။

Credit-ဇင်မိုး

3

No Responses

Write a response