သံလွှင်တံတား ပိတ်လိုက်ရ၊ရေးမြို့ အကူညီလိုအပ်၊သံဖြူဇရပ်လမ်း တံတားကျိုး၊တနင်္သာရီဖြစ်ရေစိုးရိမ်ရေမှတ်

သံလွှင်တံတား ပိတ်လိုက်ရ၊ရေးမြို့ အကူညီလိုအပ်၊သံဖြူဇရပ်လမ်း တံတားကျိုး၊တနင်္သာရီဖြစ်ရေစိုးရိမ်ရေမှတ်

သံလွင်တံတား (မော်လမြိုင်) ယာယီ ပိတ်ထား

မော်လမြိုင်၊ သြဂုတ်- ၉

မိုးသည်းထန်စွာ ရွာသွန်းပြီး မုတ္တမဘက်ခြမ်းတွင် ကားလမ်းရေကျော်နေသောကြောင့် ယနေ့ နံနက် ၆ နာရီခွဲမှစ၍ သံလွင်တံတား(မော်လမြိုင်) ကိုယာယီပိတ်ထားကြောင်း သိရသည်။

နေမင်း
The Speaker

ရေးမြို့နယ် ကျောင်းရွာတွင် ရေနစ်မြုပ် အကူအညီလိုအပ်နေ

ရေး၊ သြဂုတ် ၉

ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် ယနေ့နံနက်ပိုင်းက မြစ်ရေတက်မှုကြောင့် အိမ်ခြေ ၂၀ ကျော်ခန့် ရေနှစ်မြှုပ်မှု ဖြစ်ပေါ်လျက်ရှိပြီး ရွာ အရှေ့ဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်းနှင့် နယ်မြေခံ အမှတ် ၅၉၁ မှ တပ်မတော်သားများ၊ ကျေးရွာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်မျာ၊း ဒေသခံမျာကး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ အဗျော့ကျေးရွာတွင်လည်း ယခု နံနက် ၇ နာရီ ဖုန်းသတင်းအရ ရေဝိုင်းနေပြီး စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်လျက်ရှိနေတယ်လို့လဲ ထပ်မံသတင်းရရှိသည်။

သတင်း – ရဲနိုင်ဦး

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဘုရားသုံးဆူ၊သံဖြူဇရပ်လမ်း၊ဆင်ပြေးကျေးရွာတောင်ဘက်တံတားကျိုးပျက်

ဘုရားသုံးဆူ သြဂုတ် ၉

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့နှင့်သံဖြူဇရပ်သို့သွားရာလမ်းပေါ်ရှိဆင်ပြေးကျေးရွာ တံတားသည်(၈.၈.၂၀၁၉)ည(၁၁း၃၀)နာရီအချိန်တွင်မိုးသည်းထန်ရွာရွာသွန်းမှုကြောင့်ချောင်းရေတိုက်စား၍သစ်ပင်ပြိုလဲမှုကြောင့်ချည်းကပ်လမ်းမြေသားများပြိုကျ၍တံတားလက်ရံအပါအဝင်ပေ(၂၀)ခန့်ပျက်ထွက်သွားကြောင်းသိရှိရပါသည်။နောက်ဆက်တွဲသတင်းများအားသိရှိပါကဆက်လက်တင်ပြသွားပါမည်။

အောင်သူဟိန်း
(ပြန်ဆက်)

၉.၈.၂၀၁၉ တနင်္သာရီ မြစ်ရေ

အခြေအနေ

နံနက် ( ၈ )နာရီ (20′.4″ )

မှတ်ချက်~တနင်္သာရီမြို့နယ် -စိုးရိမ်ရေအမှတ် – ၁၇ ပေ

အန္တရာယ်ရေအမှတ် -၂၄ ပေ

Credit Aung Kyaw Hein

3

No Responses

Write a response