ထီပေါက်ပြီး မူးယစ်ဆေးစွဲသွားခဲ့သည် ဟင်းသီးဟင်းရွတ်ရောင်းသူ

ဇူလိုင် ၁၆ ရက် ၂၀၁၈ ရက်နေ့ ထွက်ခဲ့တဲ့ ထိုင်းထီ ပထမဆုနှစ်စောင်တွဲ ဘတ်ငွေ ၁၂ သန်း (ကျပ်သိန်း၅၀၀၀ ကျော်)ပေါက်ခဲ့တဲ့  စမုဆာခွန်း ခရိုင်မှာနေထိုင်နေသူ နိုင်ယုထ၀ုန် အသက် ၃၉ နှစ် ကို သြဂုတ်လ ၇ ရက် ၂၀၁၉ ရက်နေ့ က ရာဘ စိတ်ကြွဆေးတွေနဲ့ အတူ ဖမ်းမိသွာခဲ့ကြောင်း သိရပါတယ်။

ဟင်းသီးဟင်းရွတ်ရောင်းနေတဲ့ဘ၀ကနေထီပေါက်ပြီး ချက်ချင်း သူဌေးဖြစ်လာခဲ့သူ နိုင်ယုထ၀ုန်ဟာ ထီပေါက်ပြီးနောက် ဈေးဆက်မရောင်းတော့ဘဲ အိမ်နဲ့  ခြံဝယ်လိုက်ပြီး ကျန်တဲ့ငွေတွေနဲ့  သုံးဖြုန်းနေခဲ့တာဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့  စုပြီး စိတ်ကြွဆေးတွေ ပုံမှန်သုံးစွဲနေခဲ့ရာကတနှစ်အကြာ လာတဲ့နောက်ပိုင်း သူ့ နေအိမဟာ ဆေးသုံးသူတွေရဲ့  စုရပ်ဖြစ်လာနေပါတယ်။သူ့ နေ အိမ်ကို ရဲဝင်ဖမ်းတဲ့အခါ ရာဘ ဆေးပြားတွေနဲ့ အတူ ဖမ်းမိသွာခဲ့ပါတယ်။

သူ့ ကို၇ဲတွေလာဖမ်းတဲ့အချိန် နိုင်ယုထ၀ုန်ဟာ ထွက်ပြေးခဲ့ပေမယ့် ရဲတွေက သတင်းပေးသူကြောင့် သူ့ ခြံကို ၀ိုင်းထားပြီဖြစ်လို့  ပြေးမလွတ်ခဲ့တာတွေ့ ရပါတယ်။စိတ်ကြွဆေးပြားတွေနဲ့  ပါ မိတဲ့အတွက် သူ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းတာခံရနိုင်ပါတယ်။

နိုင်ယုထ၀ုန်ဟာ သူဟင်းသီးဟင်းရွတ်ရောင်စဉ်အချိန်က အတိုင်း ဘောင်းဘီတိုနဲ့  ဇတ်သိမ်းသွားခဲ့ပါတယ်။

Social Action for Children and Women – SAW

LEAVE A REPLY

Please enter your comment!
Please enter your name here