ဆံပင်ပုံစံအသစ်လေနဲ့ ကိုရီးယားမလေးလို ချစ်စရာကောင်းစွာ တွေ့ရတဲ့ ရွှေမှုံရတီ

ဆံပင်ပုံစံအသစ်လေနဲ့ ကိုရီးယားမလေးလို ချစ်စရာကောင်းစွာ တွေ့ရတဲ့ ရွှေမှုံရတီ

ဆယ်ကျော်သက်အရွယ်မှာကတည်းက အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။

ရွှေမှုံရတီက အသက်(၂၀) အရွယ်မှာ နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုလက်ရှိမှာတော့ သူမရဲ့ အိမ်ထောင်သည်ဘဝလေးကိုလဲ ပျော်ရွှင်ဖွယ်ရာကောင်းအောင် နေထိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှ ပိုလှလာတယ်လို့ ပရိသတ်တွေ ပြောကြတဲ့ ရွှေမှုံရတီက အခုလည်း ဆံပင်ပုံစံအသစ်လေးနဲ့ လှနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ရွှေမှုံရတီရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ရွှေမှုံရတီက ဆံပင်အရောင်လေးဆိုးပြီး ရှေံဆံမြိတ်လေးပါ ချထားတာမို့ အရင်နဲ့ မတူပဲ တော်တော်လေး လှနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ ဆံပင်အသစ်လေးကို သဘောကျကြမယ် ထင်ပါတယ်။

ရွှေမှုံရတီက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခြင်းကို ရပ်နားထားပြီး အခြားသော ကြော်ငြာတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။ မကြာသေးခင်ကလည်း သူမရဲ့ သီချင်းအသစ်လေး “ချစ်တယ်” ကို ထုတ်လုပ်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက် ရရှိထားတာ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ တစ်နေ့ထက်တစ်နေ့ ပိုလို့တောင် လှလာသေးတယ်နော်။ ပရိသတ်တွေလည်း ရွှေမှုံရတီရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို သဘောကျကြမယ် ထငပ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source Shwe Hmone Yati & So Young

4

No Responses

Write a response