အွန်လိုင်းပေါ်ကနေခင်တဲ့ အမျိုးသားငါယောက်က ဆယ်နှစ်အရွယ်မိန်းကလေးကို သားမယားပြုကျင့်မှု

အွန်လိုင်းပေါ်ကနေခင်တဲ့ အမျိုးသားငါယောက်က ဆယ်နှစ်အရွယ်မိန်းကလေးကို သားမယားပြုကျင့်မှု

ဒီမုဒိန်းမှုကတော့ Benidorm က ပါတီပွဲကျင်းပလေ့ရှိတဲ့ အားလပ်ရက်နားနိုင်တဲ့ အိမ်လေးမှာ ဖြစ်ပွားခဲ့တာပါ။ တရားခံတွေကတော့ ပြင်သစ်ကလာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတွေဖြစ်ပါတယ်။ သူတို့တွေကတော့ အွန်လိုင်းပေါ်ကတစ်ဆင့် သိခဲ့ကြပြီး ပါတီကို လာဖို့ ဖိတ်ကြားခဲ့တာလို့ သိရပါတယ်။ မိန်းကလေးနှစ်ယောက်က နော်ဝေးသူတွေ ဖြစ်ပါတယ်။

ပြုကျင့်သူယောကျာ်းလေးငါးယောက်ထဲမှ လေးယောက်ကတော့ အသက် ၁၉ နှစ်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ၁၈ နှစ်ဖြစ်တယ်လို့ သိရပါတယ်။ ထိုဧည့်သည်ငါးဦးရောက်ရှိလာပြီး အားလပ်ရပ်အိမ်လေးမှာ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ညမှာတော့ မိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်က ကိစ္စရှိလို့ အပြင်သွားမယ်ဆိုရာကနေ ကျန်တစ်ယောက်ကို ထိုအမျိုးသားငါးယောက်နဲ့ ချန်ထားခဲ့မိတယ်လို့ ဆိုပါတယ်။

ခင်ခင်မင်မင်ဖော်ဖော်ရွေရွေရှိနေတာကြောင့် စိတ်ချလက်ချထားခဲ့မိတာလို့ ထွက်ဆိုခဲ့ပါတယ်။ သို့ပေမယ့်သူမထွက်သွားပြီး ခဏအကြာမှာ စပြီး သူမကို ဝိုင်းဝန်းချုပ်ပြီး ရိုက်နှက်ကာ မုဒိန်းဝိုင်းကျင့်ကြတယ်လို့ အပြုကျင့်ခံရသူ မိန်းကလေးက ဆိုပါတယ်။ သူမရဲ့သူငယ်ချင်းရောက်ရှိလာပြီး တိုက်ခိုက်ရုန်းကန်ထွက်ပြေးလာပြီး နီးစပ်ရာ ဆေးရုံကို အလျင်အမြန်သွားခဲ့ရတာပါ။

အပြုကျင့်ခံရသူ မိန်းကလေးကတော့ ဒဏ်ရာများစွာနဲ့ မတရားပြုကျင့်ခံထားရတာကြောင့် ဆေးကုသမှု အပြင်းအထန်ခံယူနေရပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ကျန်တစ်ယောက်ကတော့ တိုက်ခိုက်မှုဒဏ်ရာသာ ရရှိခဲ့တာပါ။ တရားခံသုံးယောက်ကို အင်္ဂါနေ့မနက် လေးနာရီမှာ ဖမ်းမိခဲ့ပြီး ကျန်နှစ်ယောက်ကိုတော့ လေးနာရီခွဲမှာ ဖမ်းမိခဲ့တာပါ။ ဖမ်းမိစဉ်မှာတော့ သူတို့ငါးဦးဟာ ပြင်သစ်ကို ပြန်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

အမှုကိုတော့ ထိုမြို့နယ်က ပြင်သစ်ရဲအရာရှိများက ဖမ်းဆီးပြီး ယနေ့ကြာသပတေးနေ့မှာ ရုံးက အပြစ်ပေးဒဏ်ချမှတ်မယ်လို့ သိရှိထားရပါတယ်။ AlinnMyay ပရိတ်သတ်ကြီးတို့ လိုင်းပေါ်က ဘယ်လောက်ခင်ခင် အလွယ်တကူ မယုံမိဖို့ အသိပေးလိုက်ပါရစေ။ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်မှာဖြစ်သလို ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်မှာပါ။ လူ့စိတ်ဆိုတာ ခန့်မှန်းရခက်တာကြောင့် သတိလေးနဲ့ နေစေချင်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် —AlinnMyay(အလင်းမြေ) Source-Mirror

3

No Responses

Write a response