ပေါင်မြို့နယ်မှာ တောင်ပြိုလို့ လူအသေအပျောက် တွေရှိနေကြောင်း ပြောပြလာတဲ့ အာဘွိုင်း

ပေါင်မြို့နယ်မှာ တောင်ပြိုလို့ လူအသေအပျောက် တွေရှိနေကြောင်း ပြောပြလာတဲ့ အာဘွိုင်း

အဆိုတော် အာဘွိုင်း ဟာဆိုရင် ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တွေပါ။ အာဘွိုင်းတို့ဇနီးမောင်နှံမှာ ဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးကို လည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့ မိသားစုလေးနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်၊၊

အာဘွိုင်းက မော်လမြိုင် – ရန်ကုန် လမ်းမပေါ်မှာရှိတဲ့ ပေါင်မြို့ သဲဖြူကုန်းကျေးရွာမှာ တောင်ပြိုတဲ့ တာနဲ့ ပတ်သက်ပြီး ပြောထားတဲ့အကြောင်းကို မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီတစ်ခါမှာတော့ အလုပ်ကိစ္စနဲ့ မော်လမြိုင်ရောက်နေတဲ့ အာဘွိုင်းက ရေကြီးတာနဲ့ ကြုံနေလို့ ရန်ကုန်ပြန်လာဖို့ ခက်နေတာပါ။ ရာသီဥတုအခြေအနေကြောင့် မွန်ပြည်နယ်ရှိ မြို့တော်တော်များများက ရေကြီးတာနဲ့ ပြည်သူတွေရေဘေးဒုက္ခနဲ့ ကြုံနေရတာပဲ ဖြစ်ပါတယ်။

အာဘွိုင်းက ပေါင်မြို့မှာတောင်ပြိုလို့ လူအသေအပျောက် ရှိတဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ခုလို ပြောပြထားပါတယ်။”မော်လမြိုင် – ရန်ကုန် လမ်းမပေါ်မှာရှိတဲ့ ပေါင်မြို့ မှာ တောင်ပြိုလို့ ကားလမ်းပါပိတ်သွားပါပြီ။

(လူအသေပျောက်လည်းရှိပါတယ်)
အခုထိ မိုးကလည်းလုံးဝ မရပ်သေးသလို၊ သံလွင်တံတားလည်း ပိတ်ထားပါတယ်။ မော်လမြိုင်မြို့ထဲမှာလည်း နေရာတော်တော်များများဆိုးရွားစွာ ရေမြုပ်နေလို့ ကျနော် ဘယ်လိုမှ ရန်ကုန်ပြန်လာလို့မရဖြစ်နေပါတယ်။ ” ဆိုပြီး သူ့ရဲ့ မိသားစုများကို

ခုလက်ရှိမှာ မွန်ပြည်နယ်ပေါင်မြို့ နယ်၊မုတ္တမအပိုင်.ပဲပြာကုန်းရွာမှာ တောင်စောင်းမြေပြိုကျပြီး နေအိမ်ဆယ်လုံးခန့်မြေကြီးပိကာမိသားစုဝင်အများအပြားထိခိုက်သေဆုံးဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ လူနာများကို ရှာဖွေကယ်ဆယ်ပြီးပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆက်လက်ကူညီလွှဲပြောင်းပို့ဆောင်၊ဖြစ်စဉ်များအာဏာပိုင်အဖွဲ့အစည်း၊မော်လမြိုင်နှင့်ပေါင်မြို့Rescue,ကူညီကယ်ဆယ်ရေးအဖွဲ့များထံချိတ်ဆက်သတင်းပို့ပေးခဲ့ပြီးပေါင်ရိုးကျိုးလူနာ၊ဦးခေါင်းထိခိုက်ဒဏ်ရာရလူနာ၊

ကိုယ်ဝန်ဆောင်ဒဏ်ရာရလူနာ၊စိတ်ဂယောင်ချောက်ခြားဖြစ်နေသူလူနာစုစုပေါင်းလေးဦးအားပေါင်မြို့ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးနေ..” လို့လည်း ပေါင်ဆေးရုံသတင်းမှာခုလို ဖော်ပြထားပါတယ်။

ရေကြီးတာနဲ့ ကြုံနေရတဲ့ အာဘွိုင်း က ပေါင်မြို့နယ်မှာ တောင်ပြိုလို့ လူသေလူပျောက်ရှိတဲ့အကြောင်းဖော်ပြထားတာကို ပရိသတ်တွေသိလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;kyaw phyo tun
Photo;Khaing Khaing Leh

2

No Responses

Write a response