ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ကိုယ်တိုင်ကိုယ်ကျ နေ့လည်စာလှူဒါန်းနေတဲ့ ဖွေးဖွေးရဲ့ ဗီဒီယို

ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ကိုယ်တိုင်ကိုယ်ကျ နေ့လည်စာလှူဒါန်းနေတဲ့ ဖွေးဖွေးရဲ့ ဗီဒီယို

ဒီကနေ့ သြဂုတ်လ(၉)ရက်နေ့ကတော့ ပြည်သူချစ် မင်းသမီးချောလေး ဖွေးဖွေးရဲ့ (၃၁) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက အနုပညာသက်တမ်း (၁၀)နှစ်ကျော်မှာ အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပြီး အားပေးသူပရိသတ် အမြောက်အများနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။
အဲါဒါကြောင့်လည်း အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီဆု(၃)ဆု တိတိကို ဆွတ်ခူးရရှိထားခဲံ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ဖွေးဖွေးရဲ့ မွေးနေ့မှာတော့ ဖွေးဖွေးက ကောင်းမှုကုသိုလ်တွေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဖွေးဖွေးတို့ မိသားစုက ဗိုလ်တစ်ထောင်ကမ်းနားက ကုန်ထမ်းလုပ်သားတွေအတွက် သီးစုံဘဲဥချဉ်ရည်ဟင်းတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဖွေးဖွေးက လူအယောက်(၅၀၀) စာ ထမင်း၊ ဟင်းတွေကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ မွေးနေ့အလှူဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။
လူအယောက် (၅၀၀) စာ ထမင်း၊ ဟင်းတွေ လှူဒါန်းနေတဲ့ ဖွေးဖွေးhttps://youtu.be/UDj0ErSph9Aဖွေးဖွေးကတော့ ဒီကနေ့ ည(၈) နာရီမှာလည်း ရွှေတိဂုံဘုရားမှာ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ဦးမှာ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်ကြီးလည်း ဖွေးဖွေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။
RowenaSource: Kyaw Kyaw Win’s fb

2

No Responses

Write a response